မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ အိုးအိမ်စွန့်ခွာသူဦးရေး ၃၆၁,၀၀၀ အထိများပြားလာနေပြီး စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတွေ တင်းကျပ်ထားတာကြောင့် စစ်ရှောင်ပြည်သူတွေဆီကို ရောက်ရှိအကူအညီပေးနိုင်ရန် ခက်ခဲဟု UNOCHA ထုတ်ပြန် By ရန်ကုန်ခေတ်သစ် -မြန်မာနိုင်ငံတစ်ဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၅ သန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ထုတ်ပြန်ထားပါတယ်။ -ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။ -မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ အိုးအိမ်စွန့်ခွာနေထိုင်ရသူဦးရေ ၃၆၁,၀၀၀ အထိများပြားလာနေတယ်လို့ UNOCHA ဆိုပါတယ်။ - ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ -ဒါတွေကြောင့်လည်း အိုးအိမ်စွန့်စွာတိမ်းရှောင်ရတာတွေနဲ့ အရပ်သားပိုင်အိုးအိမ်ပျက်စီးဆုံးရှုံးတာတွေ ဆက်လက် ဖြစ်ပွားနေပါတယ်ဆိုပါတယ်။ ၂၀၂၂ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး စစ်တပ် နဲ့ KNLA တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာ ကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေက စိုးရိမ်စရာဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ ခန့်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး လက်ရှိ ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ ခုံလှုံနေကြရပါတယ်။ -အဲဒီနေရပ်စွန့်ခွာသူတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ UNOCHA ကထုတ်ပြန်ထားပါတယ်။ -ကရင်ပြည်နယ်အနှံ့အပြားက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတွေပိုမို တင်းကျပ်ထား တာကြောင့် စစ်ရှောင်ပြည်သူတွေဆီကို ရောက်ရှိအကူအညီပေးနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။